ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် အမှတ်(၁၉)ရပ်ကွက်၊ သူဇာလမ်း၊ ဘုရင့်နောင်ဈေး အပြင်ဈေးတန်းတွင် ၁.၁၀.၂၀၂၂ ရက်နေ့၊ ၀၈ ၃၀ အချိန်ခန့်က လုံးပတ်(၁၅)ပေ၊ အမြင့်(၆၀)ပေခန့်ရှိ ကုက္ကိုပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း တောင်ငူမြို့နယ်မီးသတ်စခန်းမှ ၀၈ ၃၅ အချိန် သတင်းရရှိသဖြင့် မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့သည် လူမှုကူညီရေးအသင်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၂၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် (၈x၈)ပေ၊ သွပ်မိုး၊ အုပ်ညှပ်(၁)ထပ်ဆိုင်ခန်း (၅)ခန်း၊ လျှပ်စစ်မီးတိုင်(၂)တိုင်၊ ဆက်သွယ်ရေးတိုင် (၃)တိုင်၊ ဆက်သွယ်ရေးဖုန်းလိုင်းကြိုးမီတာ(၃၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။


