
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားထောင်းကျေးရွာအုပ်စု၊ ပါးခါးနွဲ့ကျေးရွာအနီး၊ တာချီလိတ်-ကျိုင်းတုံသွားလမ်း၊ မိုင်တိုင်အမှတ်(၇၃၇)နှင့် (၇၃၈)ကြားတွင် ၁.၁၀.၂၀၂၂ ရက်နေ့၊ ၀၆ ၅၀ အချိန်ခန့်က တာချီလိတ်မှ မိုင်းယောင်းသို့ ယာဉ်မောင်း ဦးအိုက်ဝမ်း မောင်းနှင်လာသော VIGO အမျိုးအစား တစ်ခန်းခွဲ ခဲရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ နမ့်မလင်းချောင်းအတွင်းသို့ ထိုးကျပြီး နစ်မြုပ်မှုဖြစ်ပွားကြောင်း တာလေနယ်မြေမီးသတ်စခန်းမှ ၀၇ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာချီလိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၁၇)ဦး၊ အရန်(၄)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၂ ၄၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက် ကျား(၁)ဦး သေဆုံး၊ မ(၃)ဦး သေဆုံး၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား တာလေပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးအိုက်ဝမ်းအား တာလေမြို့မရဲစခန်းမှ ယာဉ်(ပ)၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။