Latest Announcement
feature-image-156

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၁/၁) နှင့်(၁၅၁/၂) အကြားတွင် ၂၆.၉.၂၀၂၂ ရက်နေ့၊ ၀၅ ၀၀ အချိန်ခန့်၊ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရှိန်းသူဦး မောင်းနှင်လာသော SCANIA အမျိုးအစား Express ယာဉ်သည် မောင်းနှင်လာစဉ် ရှေ့ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ ၀၅ ၀၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၀၆ ၄၅ အချိန် လုပ်ငန်းများ ပြီးစီးကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၃)ဦး စုစုပေါင်း(၈)ဦး အနက် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) အား အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ရှိန်းသူဦးအား ဇီးပင်သာအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။