Latest Announcement
feature-image-155

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ရပ်ကွက်(၁၀)၊ အုပ်စု(၁)တွင် ၂၄.၉.၂၀၂၂ ရက်နေ့၊ ၁၂ ၃၅ အချိန်ခန့်က ပိုင်ရှင် ဦးကယား၏ အိမ်ဌား ဦးကျော်ထွန်း နေထိုင်သော (၁၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအဝတ်များသို့ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားကြောင်း တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ ၁၂ ၄၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၂၀)ဦးတို့သည် ရေဂါလန်(၃၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၃ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ဌား ဦးကျော်ထွန်းအား တန့်ယန်းမြို့မရဲစခန်းမှ (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။