Latest Announcement
feature-image-154

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်တွင် ၁၉.၉.၂၀၂၂ ရက်နေ့၊ ၀၁ ၃၀ အချိန် ခန့်က ပိုင်ရှင် ဦးအာကာ၏ (၂၀x၆၀)ပေ၊ RC (၂)ထပ်၊ သန့်တည်းခိုခန်းအပေါ်ထပ်တွင် မန်နေဂျာနှင့် တည်းခိုသူ(၁)ဦးတို့ ဆေးလိပ်သောက်ပြီး ပေါ့ဆစွာစွန့်ပစ်ရာမှတစ်ဆင့် အနီးရှိ မွေ့ယာအား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ၀၁ ၃၈ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ Rescue လူမှုကူညီရေးအသင်း(ဘားအံမြို့)မှ ရေသယ် ယာဉ်(၁)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၇၂၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၂၀x၆၀)ပေ၊ RC (၂)ထပ်၊ သန့်တည်းခိုခန်း၏ အပေါ်ထပ် မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် မန်နေဂျာ ဦးထိန်လင်းအား ဘားအံမြို့မရဲစခန်းမှ (ပ)၂၈၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။