Latest Announcement
feature-image-153

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးရှေ့တွင် ၁၇.၉.၂၀၂၂ ရက်နေ့၊ ၀၉ ၄၅ အချိန်ခန့်က ယာဉ်မောင်း ဇော်မျိုးထွဋ် မောင်းနှင်လာသော YBS ၅၂ ယာဉ်လိုင်းမှ ဟွန်ဒိုင်း အမျိုးအစား မော်တော်ယာဉ်(၁)စီး အင်ဂျင်အပူလွန်ကဲရာမှ ဝါယာကြိုးများပျော်ကျ၍ ဆီပိုက်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ ၀၉ ၄၆ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေ(၉)ဦး၊ အရန်(၂)ဦးတို့ဖြင့် ရေဂါလန် (၇၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် အင်ဂျင်ခန်း၊ ခေါင်းခန်း၊ လေကာမှန်များနှင့် ထိုင်ခုံကူရှင်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ယာဉ်မောင်း ဇော်မျိုးထွဋ် အား ထန်းတပင်မြို့မရဲစခန်းမှ (ပ) ၆၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။