
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းနှင့် အောင်သစ္စာ လမ်းထောင့်၊ အမှတ်(၂၃၅) (၁)ခန်း (၃)ထပ်ခွဲတိုက်၊ တတိယထပ် အကျယ်အဝန်း (၂၀x၆၀)ပေ၊ AGD Bank (ခွဲ) အမှတ်(၂၀)တွင် ၁၄.၉.၂၀၂၂ ရက်နေ့၊ ၁၄ ၀၀ အချိန်ခန့်က ဝန်ထမ်းအဆောင်သူ ဒေါ်ဇွန်သဲဦး၏ (၁၀x၁၀)ပေ၊ အခန်းတွင်းရှိ Air Con Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သမိုင်းနယ်မြေမီးသတ်စခန်းမှ ၁၄ ၀၄ အချိန် သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၂၂ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် Chigo Air Con (၁)လုံး၊ ဝါယာကြိုး အနည်းငယ်နှင့် မွေ့ယာ(၂)ခု မီးလောင်ဆုံးရှုံးခဲ့ပါကြောင်းနှင့် AGD Bank ဝန်ထမ်း ဒေါ်ဇွန်သဲဦး အား ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ)၃၈၅/ ၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။