
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေါတမရပ်ကွက်၊ ယက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းဝန်းအတွင်းတွင် ၁၁.၉.၂၀၂၂ ရက်နေ့၊ ၁၇ ၀၀ အချိန် ခန့်က လုံးပတ်(၂)ပေခွဲခန့်၊ အရှည်(၅၀)ပေခန့်ရှိ ပေါက်ပင်လဲကျပြီး (၇၀x၃၅)ပေ၊ အုတ်ညှပ်(၁)ထပ် အဆောက်အဦပေါ်သို့ ပိမိနေကြောင်း လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ၁၂.၉.၂၀၂၂ ရက်နေ့၊ ၀၉ ၃၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး၊ အဆိုပါ ဖြစ်စဉ်ကြောင့် (၇၀x၃၅)ပေ၊ အုတ်ညှပ်(၁)ထပ်အဆောက်အဦ၏ အမိုး(၃၀)ပေပတ်လည်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။