Latest Announcement
feature-image-149

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၆)လမ်းတွင် ၁၀.၉.၂၀၂၂ ရက်နေ့၊ ၀၁ ၂၀ အချိန်ခန့်က ပိုင်ရှင် ဦးကျော်ကျော်လှိုင်၏ (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ ခင်စတိုးဆိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ပဲခူးမြို့နယ်မီးသတ်စခန်းမှ ၀၁ ၃၀ အချိန် သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်း အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေ(၄၈)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန် (၁၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၀၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် စတိုးဆိုင်အဆောက်အဦး(၁)လုံးနှင့် ဆိုင်အတွင်းရှိ ရေခဲသေတ္တာ(၁၀)လုံး၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်ဗီရို(၂)လုံး၊ (၂၁)လက်မ TV(၁)လုံး၊ (၁၃x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ် စတားကိုရီးယားအထည်ဆိုင်၏ မျက်နှာကျက်များ၊ သွပ်များနှင့် အရောင်းပစ္စည်း (အဝတ်အထည်များ)၊ (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ်နေအိမ်၏ မျက်နှာကျက်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်ကျော်လှိုင်အား ပဲခူးမြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၃၁၆/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။