Latest Announcement
feature-image-148

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် ၈.၉.၂၀၂၂ ရက်နေ့၊ ၀၅ ၅၀ အချိန်ခန့်က ပိုင်ရှင် ဦးအားစိ၏ (၂၀x၁၅)ပေ၊ အုတ်ကြွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ခြေတံရှည် (၁)ထပ်နေအိမ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း တာချီလိတ်ခရိုင်မီးသတ်စခန်းမှ ၀၅ ၅၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန် (၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၆ ၃၀အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှု ကြောင့် (၂၀x၁၅)ပေ၊ အုတ်ကြွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ခြေတံရှည်(၁)ထပ်နေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအားစိအား တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ (ပ)၁၂၆/ ၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။