
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေသလျှောက်ကုန်းကျေးရွာအနီး ၆.၉.၂၀၂၂ ရက်နေ့၊ ၁၇ ၂၆ အချိန်ခန့်က မိုင်တိုင်အမှတ်(၅၁)နှင့် (၅၂)ကြား ပြင်ဦးလွင်-လားရှိုးလမ်းတွင် ဒေါင်ဖန်းအမျိုးအစား(လိမ္မော်ရောင်)ဆီဘောက်ဆာယာဉ်သည် မန္တလေးမှ သီပေါမြို့သို့ မောင်းနှင်လာစဉ် အရှိန်လွန်၍ ဘရိတ်ပေါက်ကာ လမ်းဘယ်ဘက်အခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၁၇ ၃၀ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၄)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေ(၂၇)ဦးတို့ဖြင့် စက်သုံးဆီဘောက်ဆာမှ ဆီများယိုစိမ့်မှုရှိပါက မီးလောင်ပေါက်ကွဲမှုဖြစ်ပွားနိုင်သည့်အတွက် တိမ်းမှောက်နေသည့် ဆီဘောက်ဆာယာဉ်မှ စက်သုံးဆီများအား ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးကျော်ကျော်မင်းအား ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ၊ ၂၇၉ ပနံပါတ်(၁၆/၂၀၂၂)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။