မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် ၁.၉.၂၀၂၂ ရက်နေ့၊ ၀၂၀၂ အချိန် ခန့်က ပိုင်ရှင် ဦးခိုင်ဝင်း၏ ခိုင်ဖြိုးမြတ် ဆေးရိုးစက်ရှိ (၄၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ကြပ်ဖို ဆောင်တွင် ဆေးရိုးများအားကြပ်တင်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြင်းခြံခရိုင်မီးသတ်စခန်းမှ ၀၂၀၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ် (၄)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြင်းခြံနယ်မြေ မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ထနောင်းတိုင်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ နွားထိုးကြီးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ တောင်သာမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ OK စက်သုံးဆီဆိုင်မှ ရေသယ်ယာဉ်(၂)စီး၊ အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ် (၁၃)စီး၊ သန္ဓေ(၃၅)ဦးတို့ဖြင့် ရေဂါလန်(၅၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၇၁၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ကြပ်ဖိုဆောင်နှင့် ဆေးရိုးများ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ကြပ်ဖိုတာဝန်ခံ ဦးဘိုငြိမ်းအား မြင်းခြံမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


