Latest Announcement
feature-image-143

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘုရင်နောင်လမ်းတွင် ၃၁.၈.၂၀၂၂ ရက်နေ့၊ ၂၁ ၂၅ အချိန်ခန့်က ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင်ရပ်ထားသော YBS Hyundai (အပြာရောင်)အမျိုးအစား ယာဉ်အား Toyota အမျိုးအစား Light Truck ယာဉ်သည် အနောက်မှ ဝင်တိုက်သဖြင့် ယာဉ်မောင်း(၁)ဦးညပ်နေကြောင်း ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ၂၁ ၃၁ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှာဖွေလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား We Love Care အသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ