ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် ၃၁.၈.၂၀၂၂ ရက်နေ့၊ ၀၂ ၂၀ အချိန်ခန့်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးရိပ်သာ (၃၀x၆၀)ပေ၊ အုတ်ညှပ်၊ ပျဉ်ခင်း၊ သွပ်မိုး (၂)ထပ် အဆောက်အဦတွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဟားခါးမြို့နယ်မီးသတ်စခန်းမှ ၀၂ ၅၆ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ဟားခါးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၂၅)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဂါလန် (၈၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၅၀ အချိန်မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀x၆၀)ပေ၊ အုတ်ညှပ်၊ ပျဉ်ခင်း၊ သွပ်မိုး (၂)ထပ် အဆောက်အဦ (၁)လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် အဆိုပါမီးလောင်ကြောင့် မီးပေါ့ဆသူ စောမင်းသိန်း(တံတားစီမံကိန်း(၁) နေ့စားဝန်ထမ်း)အား ဟားခါးမြို့မရဲစခန်းမှ (ပ)၆၄/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


