Latest Announcement
feature-image-1418

On March 4, 2026, at 09:00 AM, a fire safety awareness and prevention exercise was conducted at the No. (8) Garment Factory (Pyawbwe) under No. (3) Heavy Industries Enterprise, Ministry of Industry,  Pyawbwe Township, Mandalay Region. Led by Assistant Director, members of the Fire Services Department provided fire safety awareness lectures to factory staff, distributed fire safety pamphlets, explained how to use the 191 Report Mobile Application, demonstrated fire extinguishing with fire extinguishers and allowed hands-on practice, conducted fire-fighting drills with fire trucks, and carried out inspections and provided recommendations for the factory’s fire prevention measures.

၄.၃.၂၀၂၆ ရက်နေ့၊ ၀၉ ၀၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈) အထည်စက်ရုံ (ပျော်ဘွယ်)တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ စက်ရုံဝန်ထမ်းများအား မီးဘေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များမျှဝေခြင်း၊ 191 Report Mobile Application အသုံးပြုနည်းလမ်းညွှန်များအား ရှင်းလင်းခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းနှင့် လက်တွေ့ငြှိမ်းသတ်စေခြင်း၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်ရုံမီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး/အကြံပြုခြင်းလုပ်ငန်းများ‌ကို ဆောင်ရွက်ခဲ့ပါသည်။