On 3 March 2026, at Bayint Naung Market in Tachileik, Shan State, fire prevention and safety activities were carried out to ensure fire safety within the market.Firefighters from Tachileik Township Fire Station, together with officials from the General Administration Department, members of the Township Municipal Committee, and market authorities, conducted inspections of the fire safety equipment installed inside the market.The firefighters also provided explanations to market officials and shopkeepers on the proper handling and use of firefighting equipment. In addition, practical demonstrations were conducted on extinguishing gas cylinder fires, putting out oil fires using fire extinguishers, and spraying water using fire engines and firefighting pumps.
၃.၃.၂၀၂၆ ရက်နေ့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဘုရင့်နောင်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရန်အတွက် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာရေးကော်မတီဝင်များ၊ ဈေးတာဝန်ခံများမှ ဈေးအတွင်း၌ တပ်ဆင်ထားရှိသည့် မီးဘေးလုံခြုံရေးပစ္စည်းများအား လိုက်လံစစ်ဆေးပြီး မီးသတ်တပ်ဝင်များက ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများအား မီးသတ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဂက်စ်အိုး မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ဆီမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်များဖြင့် ရေပက်ဖြန်းခြင်းစသည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။





