On 3 March 2026, at 12:00 p.m., at Hlegu Myoma Market, Hlegu Township, Yangon Region, a fire safety and prevention inspection was conducted under the leadership of the Head of District Fire Station, personnel firefighters from Hlegu Township Fire Station, in cooperation with relevant organizations, carried out inspections within and around the market.The inspection included checking the condition and installation of fire safety equipment inside and outside the market, examining whether electrical wiring and switches in the market shops were in good condition, assessing fire safety compliance in the use of electricity, inspecting whether installed emergency fire extinguishers were in good working order, verifying whether fire water tanks within the market were adequately filled, and checking the operational condition and water discharge capacity of fire hydrants.
၃.၃.၂၀၂၆ ရက်နေ့၊ ၁၂ ၀၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည်နေမှု ရှိ/မရှိ၊ မီးသတ်ရေငုတ်များ၏ ရေထွက်မှု အခြေအနေများကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။




