၂၉.၈.၂၀၂၂ ရက်နေ့၊ ၁၄ ၀၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်း(တံတားဖြူမှတ်တိုင်အနီး) အင်းလျားကန်အတွင်း လူ(၁)ဦးခုန်ချသွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Defender Boat (၁)စီး၊ လေထိုးလှေ(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၈)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၆ ၂၄ အချိန်တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး မန်းလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။


