Latest Announcement
feature-image-13

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ မြေနီလမ်း၊ အမှတ်(၃)တွင် ၂၃.၃.၂၀၂၂ ရက်နေ့၊ ၀၃ ၁၃ အချိန်ခန့်က ပိုင်ရှင် ဒေါ်ခင်ပြည့်စုံ၏ (၈၀x၁၀၀)ပေ ခြံဝန်း အတွင်းရှိ (၂၀x၈၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်  အနီးတွင်ပုံထားသော စက္ကူထုပ်နှင့် ထင်းပုံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ၀၃ ၂၀ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ (၈၃) ဦး၊ အရန် (၂၀)ဦးတို့သည် ရေဂါလန် (၂၀၀၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့်  (၂၀x၈၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၁)လုံး၊ (၄၀x၆၀)ပေ၊ RC(၂)ထပ် (၁)လုံး၊ စုစုပေါင်းနေအိမ် (၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အလုပ်သမားဖြစ်သူ ဦးထာဝစဉ်အား စမ်းချောင်းမြို့မ ရဲစခန်းမှ (ပ)၁၀၁/၂၀၂၂၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သိရသည်