Latest Announcement
feature-image-139

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီး ၂၈.၈.၂၀၂၂ ရက်နေ့၊ ၁၉ ၃၀ အချိန်ခန့်က လားရှိုးမှ မန္တလေးသို့ ဘိလပ်မြေများ တင်ဆောင်၍ မောင်းနှင်လာသော FUSO (အဝါရောင်)အမျိုးအစား (၂၂)ဘီးယာဉ်သည် ၎င်း၏ရှေ့မှယာဉ်အား ကျော်တက်စဉ် မန္တလေးမှ လားရှိုးသို့မောင်နှင်လာသည့် Light Truck (ခဲရောင်) ခရီးသည်တင်ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိ၍ ချိတ်မိကာ လမ်းယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၁၉ ၃၂ အချိန် သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် Light Truck (ခဲရောင်) ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၃)ဦး စုစုပေါင်း (၈)ဦး(သေဆုံး)နှင့် ကျား(၃)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၆)ဦးထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းနှင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။