Latest Announcement
feature-image-135

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၄/၄)နှင့် (၃၄/၅)ကြားတွင် ၂၅.၈.၂၀၂၂ရက်နေ့၊ ၀၄ ၃၀အချိန်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဇော်ဝင်းခိုင် မောင်းနှင်လာသော NISSAN (ဖြူ/ပြာ)ရောင် (၆)ဘီးယာဉ်သည် ကုန်စိမ်းများတင်ဆောင်မောင်းနှင်လာစဉ် ဝဲဘက်နောက်ဘီးဘရိတ်ရှူးငြိကာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း ဘောနက်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ၀၄ ၄၀အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (၁၁)မိုင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၁၁)ဦးတို့သည် ရေဂါလန်(၁၀၀၀)အသုံးပြုငြိမ်းသတ်ခဲ့ရာ ၀၅ ၀၀အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် ဝဲဘက်နောက်ဘီး(၂)ဘီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဇော်ဝင်းခိုင်အား ဘောနက်ကြီးအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၁၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 


နောက်ဆုံးရ သတင်းများ