ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့၊ နောင်ကျော့ရပ်ကွက်တွင် ၂၄.၈.၂၀၂၂ရက်နေ့၊ ၀၃ ၅၀အချိန်ခန့်က ပိုင်ရှင် ဒေါ်နန်းဆိုင်မွမ်းဟွမ်၏ (၃၆x၁၈)ပေ၊ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မိုးနဲမြို့နယ်မီးသတ်စခန်းမှ ၀၄ ၀၂အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၇)ဦးတို့သည် ရေဂါလန်(၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၄ ၃၀အချိန် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် (၃၆x၁၈)ပေ၊ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ် ကြမ်းခင်း(၁၈x၁၀)ပေ၊ လှေကား(၁၀)ပေ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆသူ အိမ်ရှင် ဒေါ်နန်းဆိုင်မွမ်းဟွမ်အား မိုးနဲမြို့မရဲစခန်းမှ (ပ)၁၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


