မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ၂၄.၈.၂၀၂၂ ရက်နေ့၊ ၁၀ ၃၅ အချိန်ခန့်က အမှတ်(၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ ကျန်စစ်သားဉမှင်စာသင်တိုက်အနီး ညောင်ဦး-ချောက် နှစ်လမ်းသွား ကားလမ်းမပေါ်တွင် လုံးပတ်(၆)ပေ၊ အမြင့်(၂၀)ပေခန့်ရှိ ကုက္ကိုပင်သည် ခွဆုံမှပဲ့ကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ၁၀ ၄၀ အချိန် သတင်းရရှိသဖြင့် အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ လူမှုကူညီရေးယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၆)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၁ ၁၅ အချိန် လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ အဆိုပါဖြစ်စဉ်ကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


