မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် (၂၅)တွင် ၂၂.၈.၂၀၂၂ ရက်နေ့၊ ၁၃ ၀၇ အချိန်ခန့်က မူဆယ်မှ မန္တလေးသို့ အာလူးများ တင်ဆောင်၍ ယာဉ်မောင်း ဦးလင်းသူ မောင်းနှင်လာသော PHOTON (ခဲရောင်)အမျိုးအစား(၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၁၃ ၁၀အချိန် သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၃၆)ဦး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၃ ၅၀အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)၊ ယာဉ်နောက်လိုက် ကျား(၁)ဦး (သေဆုံး)တို့အား ပြင်ဦးလွင် နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးလင်းသူ(သေဆုံး)အား ပြင်စာနယ်မြေရဲစခန်းမှ (ပ)၁၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


