Latest Announcement
feature-image-130

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် ၂၀.၈.၂၀၂၂ ရက်နေ့၊ ၁၁ ၄၀ အချိန်ခန့်က ပိုင်ရှင် ဦးအောင်မြတ်၏ (၁၈x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် ဟောင်းနွမ်းနေသော မီးပလပ်ခုံတစ်ခုအား မီးပလပ်ခေါင်းများ စုပြုံအသုံးပြုရာမှ ဝါယာကြိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဝိုင်းမော်မြို့နယ်မီးသတ်စခန်းမှ ၁၁ ၄၃ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၅၃ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၈x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်မြတ်အား ဝိုင်းမော်မြို့မ ရဲစခန်းမှ (ပ)၁၀၄/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။




နောက်ဆုံးရ သတင်းများ