Latest Announcement
feature-image-129

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ၁၈.၈.၂၀၂၂ ရက်နေ့၊ ၁၆ ၄၀ အချိန်ခန့်က ညောင်ရမ်းလမ်းနှင့် ပင်းယလမ်းထောင့်ရှိ အမှတ်(၇၅၉)၊ (၁၀x၃၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်ပေါ်သို့ လုံးပတ်(၃)ပေ၊ အမြင့်(၃၀)ပေရှိ ကုက္ကိုလ်ပင်လဲကျ၍ ပိမိမှုဖြစ်ပွားကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ၁၆ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၈ ၅၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါသစ်ပင် လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။