မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေမြိုင်သီရိရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ၁၇.၈.၂၀၂၂ ရက်နေ့၊ ၀၀ ၃၀ အချိန်ခန့်က နားနေဆောင်အဆောက်အဦပေါ်သို့ လုံးပတ်(၄)ပေ၊ အမြင့်(၆၀)ပေခန့်ရှိ ထန်းပင်လဲကျနေကြောင်း ရွှေမြိုင်သီရိနယ်မြေမီးသတ်စခန်းမှ ၁၁ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရှင်းလင်း ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


