Latest Announcement
feature-image-127

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၂၆) ရပ်ကွက်၊ ကျောင်းကုန်းကျေးရွာတွင် ၁၇.၈.၂၀၂၂ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်က လူနေအိမ်ခြံဝန်းများအတွင်း ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း ၁၂ ၁၅ အချိန် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ Fiber Boat (၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၂၅)ဦးတို့ဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စု(၃၅)ခန့်စုမှ လူဦးရေ(၁၅၃)ဦးတို့အား ရေဘေးလွတ်ရာ ကျောင်းကုန်းကျေးရွာ တမာလမ်းရှိ ရွာဦးဓမ္မာရုံသို့ ကူညီကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ၁၈ ၄၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။