Latest Announcement
feature-image-126

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အလက်ချောင်းကွက်သစ်ရပ်ကွက်၊ သင်္ဘောကျင်းတွင် ၁၇.၈.၂၀၂၂ ရက်နေ၊ ၁၀ ၀၅ အချိန်ခန့်က ပိုင်ရှင် ဦးအောင်ဝေ၏ ဒေါက်တင်ထားသော အောင်သန့်ဇင်(ငါးသယ်လှေ/၂၂၅) သစ်သားကိုယ်ထည် (၉၄x၂၆x၁၂)ပေ၊ သင်္ဘောရှိ ပဲ့ထောင်တပ်မ ကရောင်းအုံ ဝရိန်ဆော်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ ၁၀ ၁၀ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ သန္ဓေ(၉၇)ဦး၊ အရန်(၁၅)ဦးတို့ဖြင့် Foam အမြှုပ်ဆေးရည် (၄၅)ဂါလန်၊ ရေဂါလန်(၂၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၅၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် သင်္ဘောဘော်ဒီ၊ ကြမ်းခင်း၊ စက်ခန်းအနောက်ခြမ်း၊ ငါးထည့်ပုံး(၁၀)ပုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပဲ့နင်း ဦးတင်အောင်မျိုးအား ကြည့်မြင်တိုင်မြို့မရဲစခန်းမှ (ပ)၆၀/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။