Latest Announcement
feature-image-125

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂/၂)အနီးတွင် ၁၆.၈.၂၀၂၂ရက်နေ့၊ ၀၄ ၄၅အချိန် ခန့်က သန့်စင်ကြယ်ကျေးရွာမှ တတ်မရေနံမြေသို့ ယာဉ်မောင်း ဦးကြည်လင်းသိန်း မောင်းနှင်၍ ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၂)ဦးတို့ စီးနင်းလိုက်ပါလာသော HIJECT (အဖြူရောင်)ယာဉ်နှင့် တစ်ဖက်ယာဉ်ကြောမှ ယာဉ်မောင်း ဦးကိုကိုမောင်တစ်ဦးတည်း မောင်းနှင်လာသော SUZUKI (အဖြူရောင်)ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားကြောင်း ၀၅ ၀၀ အချိန် သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ် (၁)စီး၊ သန္ဓေ (၁၅)ဦး၊ အရန် (၇)ဦး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၅ ၄၅ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပြီး၊ အဆိုပါယာဉ်တိုက်မှုကြောင့် HIJECT (အဖြူရောင်)ယာဉ်၏ ဦးခေါင်းပိုင်းကြေမွ၍ ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၂)ဦးအနက် ကျား(၁)ဦးသေဆုံး၊ ကျား(၅)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် SUZUKI (အဖြူရောင်)ယာဉ်၏ ဦးခေါင်းပိုင်းကြေမွ၍ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား Bagan Rescue အသင်းပိုင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးကြည်လင်းသိန်းနှင့် ဦးကိုကိုမောင်တို့အား ညောင်ဦးမြို့မရဲစခန်းမှ ယာဉ်(ပ)၁၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။