Latest Announcement
feature-image-124

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မင်းစုကျေးရွာ၊ မိုင်တိုင်အမှတ် (၁၃၄/၀) အနီးတွင် ၁၅.၈.၂၀၂၂ ရက်နေ့၊ ၁၁ ၁၀ အချိန်ခန့်က ပြည်မှရန်ကုန်သို့ ယာဉ်မောင်း ဦးနိုင်လင်းထွန်း မောင်းနှင်လာသော ယာဉ်အမှတ် YGN-36/ 3J-1307 ဘုန်းမြတ်ပိုင် ခရီးသည် တင်ယာဉ်သည် ရှေ့မှလာသော ဆိုင်ကယ်အား ရှောင်တိမ်းစဉ် လမ်းဘေးရေမြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်း နတ်တလင်းမြို့နယ်မီးသတ်စခန်းမှ ၁၁၁၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၂)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၂ ၀၀အချိန်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်၏ဘယ်ဘက်ခြမ်းအနည်းငယ် ထိခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၁၂)ဦး၊ မ(၈)ဦး စုစုပေါင်း (၂၀)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်မောင်း ဦးနိုင်လင်းထွန်းအား နတ်တလင်းမြိုမရဲစခန်းမှ ယာဉ်(ပ) ၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ (၂၇၉)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။