Latest Announcement
feature-image-123

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၃.၈.၂၀၂၂ ရက်နေ့၊ ၀၄ ၀၀ အချိန်ခန့်က ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်ခြေ(၃၀)ခန့်နှင့် နောင်ကုန်းကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ လူနေအိမ်ခြေ(၂၀)ခန့်အတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း ကျိုင်းတုံခရိုင်မီးသတ် စခန်းမှ ၀၆ ၀၀ အချိန် သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရာဘာလေသွင်းလှေ(၁)စီး၊ ဖိုင်ဘာလှေ(၁)စီး၊ သန္ဓေ(၂၆)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေကြီးနစ်မြှုပ်နေသည့် နေအိမ်များရှိ လူနှင့်ပစ္စည်းများအား ရေလွတ် ရာသို့ ရွှေ့ပြောင်းသယ်ဆောင်ပေးခဲ့ပြီး ၁၈ ၄၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။