ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ ပဲလှော်ဖိုမှတ်တိုင်အနီး၊ သန်လျင်-ကျောက်တန်းလမ်းမကြီးဘေးတွင် ၁၀.၈.၂၀၂၂ ရက်နေ့၊ ၁၇ ၁၃ အချိန်ခန့်က ပိုင်ရှင် ဦးမျိုးမင်းလတ်၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း (၁)ထပ် မီးဖိုချောင်သုံး Gas ဆိုင်ခန်းအတွင်း Gas မီးဖိုပြုပြင်စမ်းသပ်ဖွင့်ရာမှ မီးပွားထွက်ပြီး Gas ပိုက်ယိုစိမ့်နေမှုကြောင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ၁၇ ၁၄ အချိန် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်အထောက်အကူပြုယာဉ် (၁)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၂၆ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်ခန်းအမိုး၊ Gas 40 liter အိုး (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ဝန်ထမ်း ထက်ဝေယံ အား ကျောက်တန်းမြို့မရဲစခန်းမှ (ပ)၈၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


