Latest Announcement
feature-image-121

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ(၇)၊ အိမ် အမှတ်(၆၁၀)တွင် ၈.၈.၂၀၂၂ ရက်နေ့၊ ၁၄ ၅၈ အချိန်ခန့်က ပိုင်ရှင် ဒေါ်ဂျာအောန်ဆိုင်း၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း(၂)ထပ်နေအိမ်တွင် နေအိမ်အပေါ်ထပ်ရှိ လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ အနီးရှိအကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ၁၅ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၅)ဦး တို့ဖြင့် ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၅ ၁၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း(၂)ထပ်နေအိမ်(၁)လုံး၊ FZ ဆိုင်ကယ်(၁)စီး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဂျာအောန်ဆိုင်းအား မြစ်ကြီးနားမြို့မရဲစခန်းမှ (ပ)၁၃၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။