
တနင်္သာရီတိုင်းဒသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံ တံတားတွင် ၈.၈.၂၀၂၂ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်က ပိုင်ရှင် ဦးဘီး(ခ)ဦးစိုးလွင်၏ ငါးဖမ်းစက်လှေပေါ်တွင် ဖွိုင်ဘာအရည်များသုတ်ခြင်း၊ လျှပ်စစ်မီးလိုင်းတပ်ဆင်ပြုပြင်ခြင်း၊ ဝရိမ်ဆော်ခြင်းလုပ်ငန်းများပြုလုပ်နေစဉ် မီးပွားထွက်ပြီး လှေနံကြားရှိ (ဖွိုင်ဘာအရည်)ဖော့ပြားများ ပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၁၃၃၁ အချိန် ကော့သောင်းခရိုင် မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၄၀)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၄၃၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှု ကြောင့် ငါးဖမ်းစက်လှေ (၃)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ မီးလောင်မှုကြောင့် လှေပေါ်ရှိ ကျား(၅)ဦးအနက် ကျား(၁)ဦး (သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ကော့သောင်းပြည်သူ့ဆေးရုံသို့ ပေးဆောင်ပေးခဲ့ကြောင်းနှင့် လှေတာဝန်ခံ မျိုးဇော် အား ကော့သောင်းမြို့မရဲစခန်းမှ (ပ)၁၄၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။