Latest Announcement
feature-image-119

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂/၄၃)နှင့်(၃/၄၃)ကြားတွင် ၇.၈.၂၀၂၂ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်က ဘုရာကြီးဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း ဝင်းစိုးအေး မောင်းနှင်လာသော  HIJET အမျိုးအစား (အဖြူရောင်) ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော NISSAN DIESEL အမျိုးအစား(အစိမ်းရောင်) (၁၂)ဘီး ကုန်တင်ယာဉ်၏ အနောက်သို့ ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ ၀၉ ၀၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၅)ဦး၊ အရန် (၅)ဦးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၀၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီး ခဲ့ပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး၊ ကျား (၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း (၁၃)ဦးအနက် ယာဉ်မောင်း ကျား (၁)ဦး၊ ခရီးသည် ကျား (၁)ဦး၊ မ (၂)ဦး၊ စုစုပေါင်း (၄)ဦး သေဆုံး၊ ခရီးသည် ကျား(၂)ဦး၊ မ (၄)ဦး ထိခိုက်ဒဏ်ရာရရှိ(မစိုးရိမ်ရ)၊ ကျား (၃)ဦး ထိခိုက် ဒဏ်ရာရရှိ(စိုးရိမ်ရ)တို့အား ဘုရားကြီးပရဟိတနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ် (၂)စီးဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဝင်စိုးအေးအား ယာဉ်(ပ) ၂၀/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။