Latest Announcement
feature-image-116

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ သထုံလမ်းတွင် ၅.၈.၂၀၂၂ ရက်နေ့၊ ၀၆ ၃၃ အချိန်ခန့်က အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံး(ခွဲ)၊ အဆောင်(၁) (၂၀၀x၃၆)ပေ၊ RC(၃)ထပ် မြေညီထပ်ရှိ (၂၀x၂၀)ပေ၊ ကွန်ပျူတာခန်းတွင် ကွန်ပျူတာနှင့်တွဲဖက်အသုံးပြုသော UBS အပူလွန်ကဲ၍ အနီးရှိလိုက်ကာနှင့် စာရွက်စာတမ်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ ၀၆ ၃၅ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ(၉၆)ဦး၊ အရန်(၂၅)ဦးတို့ဖြင့် ရေဂါလန်(၂၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၇ ၀၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီလောင်မှုကြောင့် CCTV သုံး ကွန်ပျူတာ(၂)စုံ၊ CCTV Data Storage Box(၁)လုံး၊ ရုံးသုံးကွန်ပျူတာအဟောင်း(၂)စုံ၊ Printer အဟောင်း (၂)လုံး၊ ကွန်ပျူတာအပျက်များ၊ ဖိုင်တင်စဉ်နှင့်စာရွက်စာတမ်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် CCTV စောင့်ကြည့်တာဝန်ကျ ဦးအောင်ကိုထက်အား ကမာရွတ်မြို့မရဲစခန်းမှ (ပ)၂၃၈/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။