Latest Announcement
feature-image-115

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်၊ စွန်တောင်းဘုရား လမ်းသွယ်တွင် ၄.၈.၂၀၂၂ ရက်နေ့၊ ၀၂ ၀၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်အားဒေ့၏ (၂၅x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း မြေစိုက်(၁)ထပ် နေအိမ်တွင် အိမ်ရှင်၏ မွေးစားသား ဆိုင်ကယ်ပြင် လုပ်ကိုင်သူ ဦးအားကျွေသည် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ ၀၂ ၀၇ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၀)ဦး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၂၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၅x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း မြေစိုက်(၁)ထပ် နေအိမ်(၁)လုံး၊ Dream 125(တရုတ်)ဆိုင်ကယ်(၁)စီး၊ Super 4(800) ဂျပန်ဆိုင်ကယ်(၁)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်အတွင်း အရက်မူး၍ အိပ်ပျော်နေသူ ဦးအားကျွေ မီးလောင်သေဆုံးခဲ့ကြောင်းနှင့် မီးပေါ့ဆသူ ဦးအားကျွေအား ကျိုင်းတုံမြို့နယ်ရဲစခန်းမှ (ပ)၁၅၀/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။