Latest Announcement
feature-image-114

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ၃၁.၇.၂၀၂၂ ရက်နေ့၊ ၀၂ ၅၅ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှု၊ ပြိုကျပျက်စီး မှုများ ဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၀၆ ၁၆ အချိန် သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/ မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၂၉)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေကြီးရေလျှံမှုများ ပြိုကျပျက်စီးမှု များကြောင့် ရပ်ကွက်ကြီး(၁)မှ လူနေအိမ်ခြေ(၇၀၀)၊ လူဦးရေ(၉၅)ဦးတို့အား နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ ရပ်ကွက်ကြီး(၃)မှ လူနေအိမ်ခြေ(၁၀၀)၊ လူဦးရေ(၅၀)ဦးတို့အား နီးစပ်ရာ ဆွေမျိုးများအိမ်သို့ လည်းကောင်း၊ ရပ်ကွက်ကြီး(၄)မှ လူနေအိမ်ခြေ(၇၀)၊ လူဦးရေ(၄၀)ဦးတို့အား ရွှေစည်းခုံဝန်းကြီးကျောင်းနှင့် ခဲလယ်ဘုန်းကြီးကျောင်း သို့လည်းကောင်း၊ ရပ်ကွက်ကြီး(၅)မှ လူနေအိမ်ခြေ(၁၅၀)၊ လူဦးရေ(၁၅၀)ဦး တို့အား ပြည်တော်သာဓမ္မာရုံသို့လည်းကောင်း၊ ရပ်ကွက်ကြီး(၆)မှ လူနေအိမ်ခြေ(၃၀)၊ လူဦးရေ(၃၀)ဦးတို့အား အောင်မြေဇေယျာဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ရပ်ကွက်ကြီး(၇)မှ လူနေအိမ်ခြေ(၂၅)၊ လူဦးရေ (၁၅)ဦးတို့အား ဓမ္မပါလဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ရပ်ကွက်ကြီး(၁၈)မှ လူနေအိမ်ခြေ(၁၀)၊ လူဦးရေ(၁၂)ဦးတို့အား စိုက်ပျိုးရေးရိပ်သာသို့လည်းကောင်း စုစုပေါင်း လူနေအိမ်ခြေ(၁၀၈၅)၊ လူဦးရေ (၃၉၂)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး၊ ဆင်လမ်းကျေးရွာ၊ အထကကျောင်း၏ ကျောင်း အုတ်တံတိုင်း (၈x၆)ပေ (၁၅)ခန်း၊ ရပ်ကွက်ကြီး(၉)ရှိ အေးမြချမ်းသာ သီလရှင်ကျောင်း အုတ်တံတိုင်း (၇)ပေ (၁၀)ခန်းနှင့် ပွေးတောင်ရပ်ရှိ အလက(ပွေးတောင်)စာသင်ကျောင်း၏ အုတ်တံတိုင်း(၇)ပေ (၇)ခန်း စုစုပေါင်း အုတ်တံတိုင်း(၃၂)ခန်း ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ကူညီပြောင်းရွှေ့ခြင်းလုပ်ငန်းများအား ၁၇ ၄၅ အချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။