Latest Announcement
feature-image-113

ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၇)ရပ်ကွက်၊ ခေမာလမ်းတွင် ၂၉.၇.၂၀၂၂ ရက်နေ့၊ ၀၆ ၀၇ အချိန်ခန့်က ပိုင်ရှင် ဦးကျော်ဝင်းနိုင်၏ (၃၀x၁၀၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် မိုးကောင်းကင် စားသောက်ဆိုင်တွင် အပေါ်ထပ်အိပ်ခန်းရှိ Air-Con Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တောင်ငူမြို့နယ်မီးသတ်စခန်းမှ ၀၆ ၁၃ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကေတုပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မဟာမေတ္တာပရဟိတအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ် (၆)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၁၅)ဦးတို့ဖြင့် ရေဂါလန်(၂၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၇ ၀၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀x၁၀၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် မိုးကောင်းကင် စားသောက်ဆိုင် အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အပေါ်ထပ်ရှိ လေဖြတ်နေသော ကျား(၁)ဦး မီးလောင် သေဆုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်ဝင်းနိုင်အား တောင်ငူမြို့၊ အမှတ်(၁)ရဲစခန်းမှ (ပ)၁၄၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅/၃၀၄-က/၃၃၇) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ