Latest Announcement
feature-image-112

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေး၊ ဥပ္ပုံကျေးရွာတွင် ၂၄.၇.၂၀၂၂ ရက်နေ့၊ ၁၃ ၃၆ အချိန်ခန့်က ပိုင်ရှင် ဦးသက်လွင်၏ (၂၅x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် ပင်မမိန်းခုံမှ တပ်ဆင်ထားသော ဖုန်းအားသွင်းခေါင်း အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ၁၃ ၄၃ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၂၂)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ် ခဲ့ရာ ၁၄ ၀၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၅x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသက်လွင်အား တိုက်ကြီး မြို့မရဲစခန်းမှ (ပ)၁၃၆/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။