Latest Announcement
feature-image-111

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၁)နှင့်(၁၄/၂)ကြားတွင် ၂၃.၇.၂၀၂၂ ရက်နေ့၊ ၀၅ ၃၀ အချိန်ခန့်က ရေနံစိမ်းဂါလန်(၄၀၀၀)ခန့် တင်ဆောင်၍ ယာဉ်မောင်း မျိုးသူအောင် ကိုယ်စား ယာဉ်နောက်လိုက် ကရင်(ခ)စောဆဲထူး မောင်းနှင် လာသော (7G-8520)အပြာရောင် (၂၂)ဘီးတွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်၏ခေါင်းခန်းအတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့(၂)ဦး ညှပ်နေကြောင်း မင်းလှမြို့နယ်မီးသတ်စခန်းမှ ၀၅ ၅၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၂၂)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးတွင် ယာဉ်မောင်း မျိုးသူအောင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကရင်(ခ)စောဆဲထူး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား “အပ္ပမာဒ”လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အတွင်းမှ ရေနံစိမ်းများအား အခြားယာဉ်ပေါ်သို့ ရွေ့ပြောင်းသယ်ယူနေစဉ်အတွင်း မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အသင့်စောင့်ကြပ်ပေးခဲ့ပြီး ၁၄ ၅၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်နောက်လိုက် ကရင်(ခ)စောဆဲထူးအား မင်းလှ မြို့မရဲစခန်းမှ ယာဉ်(ပ)၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ