Latest Announcement
feature-image-110

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်တွင် ၂၃.၇.၂၀၂၂ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်က ပိုင်ရှင် ဦးကိုကိုမောင်(ခ)ဦးရာဂျူး၏ (၁၈x၂၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် လျှပ်စစ်မီးပြတ်တောက်ချိန် ဆိုလာမီးဖြင့် ဖုန်းအားသွင်းထားရာမှ ဖုန်းအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဖားကန့်မြို့နယ်မီးသတ်စခန်းမှ ၁၃ ၃၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မှော်ဝမ်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၁)ဦး တို့ဖြင့် ရေဂါလန်(၂၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၈x၂၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကိုကိုမောင်(ခ)ဦးရာဂျူးအား ဖားကန့်မြို့မရဲစခန်းမှ (ပ)၄၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။