Latest Announcement
feature-image-109

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်တွင် ၂၂.၇.၂၀၂၂ ရက်နေ့၊ ၀၉ ၃၀ အချိန်ခန့်က (မာလာဝင်း)၊ တောင်ရိုးတန်းလမ်း၊ အထက(၅)ကျောင်း၏ ညာဘက်အုတ်တံတိုင်း အရှည်(၅၀)ပေ၊ အမြင့်(၁၂)ပေခန့် ပြိုကျမှုဖြစ်ပွားကြောင်း ၀၉ ၃၅ အချိန် သတင်းရရှိသဖြင့် မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၂)စီး၊ သန္ဓေ(၃၅)ဦး၊ အရန်(၁၀)ဦး၊ စည်ပင်သာယာမှ ဘတ်ဟိုးယာဉ်(၁)စီး၊ လူမှုကူညီရေးအသင်းများမှ အဖွဲ့ဝင်များ၊ သူနာတင်ယာဉ်(၂၀)စီး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၅ ၄၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် အုတ်တံတိုင်းနှင့် ကပ်လျက်ရှိသော ဆိုင်ခန်း(၆)ခန်းခန့် ပိမိခဲ့ပြီး သေဆုံးသူ ကျား(၂) ဦး ၊ မ (၃)ဦး၊ ထိခိုက်ဒဏ်ရာရသူ (မစိုးရိမ်ရ) ကျား(၁)ဦး တို့အား လူမှုကယ်ဆယ်ရေးအသင်းများမှ သူနာတင်ယာဉ်များဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။


နောက်ဆုံးရ သတင်းများ