
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၂.၇.၂၀၂၂ ရက်နေ့၊ ၁၁ ၁၅ အချိန်ခန့်က (၅၄)ရပ်ကွက်၊ ပုဂံလမ်း၊ အထက(၆)ကျောင်းရှေ့တွင် လုံးပတ် (၅)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ ကုက္ကိုပင်လဲကျမှုဖြစ်ပွားနေကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ၁၁၂၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန် (၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၂၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။