Latest Announcement
feature-image-102

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်(၄၅/၂)တွင် ၁၀.၇.၂၀၂၂ ရက်နေ့၊ ၀၆ ၁၅ အချိန်ခန့်က ပြင်ဦးလွင်မှ ရန်ကုန်သို့ ယာဉ်မောင်း မော်သွင်ထူး မောင်းနှင်လာသော SUNLONG (ဖြူ/ဝါကြား) “ရွှေလရောင်” ခရီးသည်တင်ယာဉ်သည် ရှေ့ကားအား ကျော်တတ်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားအောက်သို့ ထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ၀၆ ၂၀ အချိန်သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ ဘောနီ အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ သူနာတင်ယာဉ်(၂)စီး၊ အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်များ၊ သန္ဓေ(၃၁)ဦး၊ အရန်(၄)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၈ ၀၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၁)ဦး အနက် ယာဉ်မောင်း ကျား(၁)ဦး၊ တင်ပါးဆုံနှင့် ခါးပေါက်ပြဲ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်ပေါ်ပါ ကျား(၁)ဦး လက်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်ပေါ်ပါ မ(၁)ဦး တင်ပါး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး (သေဆုံး)တို့အား 192 အမြန်လမ်း ကျန်းမာရေး အထောက်အကူပြုအဖွဲ့ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် “ရွှေလရောင်” ခရီးသည်တင်ယာဉ်၏ ဦးခေါင်းကြေမွပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ နောက်ကြည့်မှန် ပျက်စီးခဲ့ပြီး ယာဉ်မောင်း မော်သွင်ထူးအား ဘောနီအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၇/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။