
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၀)တွင် ၂၇.၃.၂၀၂၂ ရက်နေ့၊ ၁၆:၂၈ အချိန်ခန့် ပိုင်ရှင် ဒေါ်အာဆီမီး၏ အိမ်အမှတ်(၇၁)၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည် နေအိမ်ဘေးရှိ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုဆောင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိ နေအိမ်ထရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ၁၆ ၃၀ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၃၀)ဦး၊ ပလန(ယာယီ)မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြစ် ရေဂါလန်(၃၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၄၂ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည် နေအိမ်(၁)လုံး၊ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုဆောင်(၁)လုံး၊ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း (၂)ထပ် နေအိမ် အပေါ်ထပ်နှင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုဆောင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်အာဆီမီးအား မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေရဲစခန်းမှ (ပ)၁၉/၂၀၂၂၊ ရာဇတ်သတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သိရသည်။