(၂၉.၁၂.၂၀၁၂)ရက်နေ့(၀1:၄၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ ဆိပ်ရပ်ကွက်၊မေတ္တာမွန်ဂိုဒေါင်ဝင်း၊မေတ္တာမွန်ဂိုထောင်တွင် EVD၊DVD ထားရာဂိုဒေါင်အမှတ်(၈၀)ရှိ အလုပ်သမား များ အနေဖြင့် ခဲဂဟေဂေါက် နှင့် INVERTER ကိုမပိတ်ဘဲထားခဲ့ရာမှ အပူရှိန်လွန်ကဲ၍ မီးစတင် လောင်ကျွမ်းခဲဲ့ရာ ဂိုဒေါင်အမှတ်(၇၉)တွင် သိုလှောင်ထားသည့် ပရဆေး နှင့် ဓာတုဗေဒပစ္စည်း စုစုပေါင်း (၆၈)မျိုး ၂၀၅.၁၂၂တန် သိုလှောင်ထားသည့်အနက် ပေါက်ကွဲမှုဖြစ်စေသည့် ဓာတုဗေဒပစ္စည်း (၅၈.၂၅)တန် နှင့် အပူရှိန်မြင့်မားမှုကို အားပေးသည့် လောင်စာ (၄၁.၄၃၆)တန် တို့ကြောင့် မြင့်မားသည့် အပူရှိန်တွင် ဓာတုဗေဒ ပစ္စည်း များအချင်း ချင်းပေါင်းစပ် ဓာတ်ပြုပြီးကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပွား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးသေဆုံးခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင် (၃၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်ကွဲ မီးလောင်မှု ကြောင့်ဂိုဒေါင်(၁၆)လုံး၊အိမ်ခြေ(၉၄)လုံး၊ဓမ္မာရုံ(၁)ရုံ၊ဆေးပေးခန်း(၁)ခန်း၊ အလုပ်သမား တန်းလျား (၂)လုံး မီးလောင် ခံရပြီး၊ ကျပ်သိန်း (၁၁၃၆)သိန်းခန့် ဆုံးရှုံးခဲ့ပါသည်။အဆိုပါပေါက်ကွဲမီးလောင်မှုဖြစ်စဉ်တွင် သေဆုံး ဒဏ်ရာရရှိခဲ့သည့်တပ်ဖွဲ့ဝင်များ၏ မိသားစုများအပေါ် ပြည်သူလူထုနှင့်ဌာနမှ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ သည့်အပြင် မီးငြိှမ်းသတ်ရေးတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သည့်တပ်ဖွဲ့ဝင်(၅)ဦးအား နိုင်ငံတော်မှ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးခဲ့ပါသည်၊ သေဆုံးသည့် တပ်ဖွဲ့ဝင်(၅)ဦးအမည် နှင့်ရရှိသည့်ဆုတံဆိပ်များမှာ-
စဉ် ရာထူး အမည် ဘွဲ့တံဆိပ်
၁။ တပ်ကြပ် တင်စိုး ရဲသီဟ
၂။ တပ်ကြပ်ကြီး ဇော်ဌေး ရဲသူရ
၃။ တပ်သား အောင်အောင် ရဲသူရ
၄။ တပ်သား မျိုးကျော်ကျော် ရဲသူရ
၅။ တပ်သား သော်ဇင်မျိုးထက် ရဲသူရ