ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဂိုထောင် မီးလောင်ပေါက်ကွဲမှု

Home Safety

မီးဖိုအသုံးပြုလျှင်

၁။ လူစောင့်ထားပါ။
၂။ လောင်စာမီးအားကိုလိုအပ်သည်ထက်ပိုမသုံးပါနှင့်။
၃။ မီးကြွင်းမီးကျန်များငြှိမ်းသတ်ပါ။
၄။ မီးဖိုနှင့်အမိုး၊နံရံအကြားအပူခံအကာအရံများထားပါ။
၅။ ဆီအိုးတည်ပြီးအမေ့ပါနှင့်။

ဘုရားမီး၊အမွှေးတိုင်မီးပူဇော်လျှင်

၁။ အပူခံခွက်ပြားပေါ်တွင်ခိုင်မြဲအောင်ထွန်းပါ။
၂။ အမိုးနံရံနှင့်မနီးကပ်ပါစေနှင့်။
၃။ ဘုရားပန်းခြောက်များ၊ပလပ်စတစ်အိတ်စများနှင့်နီးကပ်စွာမထားပါနှင့်။

မိမိနေအိမ်တွင်မီးဘေးအန္တရာယ်ကင်းစေရန်

၁။ အိမ်နှင့်ခြံဝင်းအတွင်းအမှိုက်သရိုက်များကိုရှင်းလင်းဖယ်ရှားထားပါ။
၂။ မီးချိတ်၊မီးကပ်၊သဲပုံး၊လှေကားများကိုစနစ်တကျထားရှိပါ။
၃။ မီးငြိမ်းသတ်ရန်သီးသန့်ရေလှောင်ထားပါ။
၄။ မီးသတ်ဆေးဘူးများလုံလောက်စွာဆောင်ထားပါ။
၅။ လောင်စာဆီများမသိုလှောင်ပါနှင့်။
၆။ လောင်စာဆီအနီးမီးခြစ်ခြင်း၊ဖယောင်းတိုင်ထွန်းခြင်းမပြုလုပ်ပါနှင့်။
၇။ ခြင်ဆေးခွေ၊အမွှေးတိုင်၊ဖယောင်းတိုင်များကိုမီးမလောင်နိုင်သောအောက်ခံခွက်မပါဘဲအသုံးမပြုပါနှင့်။
၈။ လူစောင့်မရှိဘဲဖယောင်းတိုင်၊မီးခွက်ထွန်းမထားပါနှင့်။
၉။ ဆေးလိပ်များကိုမီးငြိမ်းပြီးမှစွန့်ပစ်ပါ။

အထပ်မြင့်တိုက်များမီးလောင်လျှင်

၁။ ခုန်မချပါနှင့်။
၂။ မကြောက်ပါနှင့်။
၃။ စိတ်ငြိမ်ငြိမ်ထားပါ။
၄။ အရေးပေါ်ထွက်ပေါက်၊အရေးပေါ်လှေကားမှဘေးလွတ်ရာသို့ထွက်ခွာပါ။
၅။ နီးစပ်ရာမီးသတ်စခန်းသို့အမြန်ဆုံးအကြောင်းကြားပါ။