၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၁၀ ၃၀)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မီးသတ် စခန်းနှင့်(၁၀)မိုင်ခန့်အကွာ၊ လေးဆယ်ကုန်းကျေးရွာနေ အိမ်ရှင် ဦးအောင်သူ၏ (၄၀x၂၀)ပေ၊ သွပ်မိုး၊ ဖိုက်ဘာအုတ်ချပ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် အဖီဆွဲထားသော( ၅ x ၅ )ပေ၊ သွပ်မိုး၊ ထရံကာမီးဖိုချောင်တွင် ထမင်းအိုးတည်ထားရာမှ တစ်ဆင့်အနီးရှိ အကာထရံသို့ မီးကူးစက်လောင်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း(၁၀  ၃၂)အချိန် သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မင်းစုနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟံမြင့်မိုရ်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြစ်သားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၆)စီး၊ သန္ဓေ(၃၃)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ပြီး (၁၀ ၅၀)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၄၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ ဆိုင်ကယ်(၁)စီး၊ နွားလှည်း(၁)စီးနှင့်အနီးရှိ (၄၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ်နေအိမ်(၁)လုံး၊ ဆိုင်ကယ်(၁)စီးတို့ မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၉၆၀,၀၀ဝိ/- (ကျပ်ကိုးသိန်းခြောက်သောင်း) ခန့်ဖြစ်ပါကြောင်းနှင့် အိမ်ရှင် ဦးအောင်သူအား မင်းစု နယ်မြေရဲစခန်းမှ (ပ) ၁၁၀ / ၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်း ရရှိပါသည်။